အောက်မှာဖော်ပြတဲ့ Windows ဆိုင်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရင်လည်း ဗိုင်းရပ်စ်ကူးစက်နေပြီးလို့
ယူဆနိုင်တယ်

- System တွေကို အပြောင်းအလဲ ဘာမှမလုပ်ဘဲနဲ့ Windows ပြန်မတက်ဘူး၊ ဘယ် Program ကိုမှ
install လုပ်လို့လည်းမရ၊ remove လုပ်လို့လည်းမရဖြစ်နေလိမ့်မယ်
- Modam နဲ့ ချိတ်သုံးနေတဲ့သူတွေ မိုဒမ်ကို အသုံးမပြုတဲ့အချိန်မှာလည်း မီးထပွင့်နေတာမျိုးနဲ့ ကြုံရလိမ့်မယ်။
ခိုးကူးဆော့ဖ်ဝဲသုံးသူတွေ တစ်ခုခုကထပြီး အလုပ်လုပ်နေတာကြောင့်ပါ
- Windows က မတက်ဘူးဖြစ်နေတယ်။ ဘာကြောင့်လည်းဆိုတဲ့ အရေးကြီးတဲ့ system ဖိုင်တစ်ခုခု
ပျောက်နေလို့ပါ။ ဘယ်ဖိုင်ပျောက်နေတယ်ဆိုတာ message တွေတက်နေလိမ့်မယ်
- ကွန်ပျူတာကပွင့်ပေမယ့် desktop icon တွေနဲ့ teskbar တွေကို ဘာမှလုပ်လို့မရဘူးဖြစ်နေတတ်တယ်
- Out of memory ဆိုတဲ့ message က မကြာခဏတက်လာတယ်။ RAM က အပြည့်အလုပ်မလုပ်နိုင်တဲ့
သဘောဖြစ်နေတယ်
- ပရိုဂရမ်အသစ်တွေကို install လုပ်ပေမယ့် ပုံမှန်အလုပ်မလုပ်ဘူး
- Windows က မမျှော်လင့်ဘဲ restart မကြာခဏပြန်လုပ်နေတယ်
- ပရိုဂရမ်တစ်ခုခုကို run လိုက်တိုင်း ရပ်နေလိမ့်မယ်။ ဘယ်လိုပဲ remove နဲ့ install လုပ်သည်ဖြစ်စေ
မထူးခြားဘဲနေလိမ့်မယ်
- Scandisk ရဲ့ utility က disk error ဖြစ်နေတယ်လို့ သတင်းပေးနေလိမ့်မယ်
- Partition တွေပိုင်းထားတာ ပုံမှန် မမြင်ရဘူးဖြစ်နေလိမ့်မယ်
- ကွန်ပျူတာက Microsoft Office ကို သုံးလိုက်တိုင်းရပ်သွားတယ်
- Windows Task Manager ကို သုံးလို့မရဘူး
- Antivirus ဆော့ဖ်ဝဲက ဗိုင်းရပ်စ်ရှိနေကြောင်း ပြန်နေလိမ့်မယ်

မှတ်ချက် ။ ။ အထက်မှာဖော်ပြခဲ့တဲ့ ပြဿနာတွေဟာ ဗိုင်းရပ်စ်ကြောင့်ချည်းသက်သက်လို့
မပြောနိုင်ပါဘူး။ အခြား Windows ပြဿနာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

Source >>>>>>> Myanmar Computer Magazine No, 40, August 2010

0 comments:

Post a Comment