Showing posts with label နည်းပညာမှတ်တမ်း. Show all posts
Showing posts with label နည်းပညာမှတ်တမ်း. Show all posts


Windows 7 မှာ User များရဲ့ လတ်တလောရှာဖွေမှုများကို အလိုအလျောက်သိမ်းဆည်းပေးနိုင်တဲ့ Features ပါဝင်ပါတယ်။ ဒါပေမဲ့ ကွန်ပျူတာကို လူအများနဲ့အတူ သုံးစွဲနေရတဲ့ User များနဲ့ မိမိရှာဖွေထားသမျှကို မသိစေလိုတဲ့ User များကတော့ Search box ထဲမှာ စာလုံးအနည်းငယ်ရိုက်ထည့်ရုံနဲ့ များမကြာမီက ရှာဖွေ ထားတဲ့အချက်များကိုဖော်ပြပေးတာကြောင့် ဒီ Feature ကို ကြိုက်နှစ်သက်ခြင်းမရှိပါဘူး။

အောက်ဖော်ပြပါနည်းလမ်းကတော့ လတ်တလောရှာဖွေထားသမျှကို အခြားလူများမသိရှိစေရန်အတွက် ယင်း Feature ကို Disable ပြုလုပ်ထားနိုင်စေမယ့်နည်းလမ်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းကို Group Policy Editor အသုံးမပြုနိုင်တဲ့ Windows 7 Home Edition များမှာတော့ ပြုလုပ်နိုင်ခြင်းမရှိပါဘူး။

(၁) Start Menu ရဲ့ Search box တွင် gpedit.msc ဟုရိုက်ထည့်ပြီး Enter ကိုနှိပ်ပါ။ Local Group Policy Editor ပေါ်လာပါမယ်။

(၂) ထို့နောက် User Configuration \ Administrative Templates \ Windows Components \ Windows Explorer သို့အဆင့်ဆင့်သွားပါ။

(၃) ညာဘက်ခြမ်းတွင်ပေါ်လာသည့် Turn off display of recent search entries in the Windows Explorer search box ကို click နှစ်ချက်နှိပ်ပါ။

(၄) ထို့နောက် Enabled ကို ရွေးပြီး Apply ကိုနှိပ်ပါ။ ယင်းနောက် OK ကိုနှိပ်ပြီး Group Policy Editor မှထွက် ပါ။

(၅) အထက်ပါအဆင့်အတိုင်း ပြုလုပ်ပြီးသွားရင်တော့ Windows 7 ရဲ့ Search box မှာရှာဖွေထားတဲ့ Search history များကို Disable ပြုလုပ်မှုပြီးဆုံးပြီဖြစ်ပါတယ်။

Source - နောင်နောင် ( Myanmar Internet Journal )

Windows 7 ကို Memory Stick ကနေတင်ကြမယ်


အားလုံးမင်္ဂလာပါ။ ၀င်းဒိုးအသစ်ပြန်တင်တဲ့အချိန်မှာ တစ်ဝက်လောက်ရောက်ပြီးမှ ခွေပျက်ပြီးတော့
ဆက်မဖတ်နိုင်တော့တာမျိုး၊ drive ပျက်တာမျိုးတွေနဲ့ကြုံဖူးကြမှာပေါ့။ ကျွန်တော်ကတော့
လွန်ခဲ့တဲ့ နှစ်ရက်လောက်ကပဲ drive ပျက်တဲ့ပြဿနာကိုကြုံတွေခဲ့ရပါတယ်။ ပထမတော့ ဘာမှန်းမသိနဲ့
ခွေထည့်ပြီးတော့ တင်တယ်နော်ဘယ်လိုမှမရဘူး၊ နောက်မှခွေပျက်တာလားပေါ့
တခြားခွေပြောင်းထည့်ကြည့်တယ်။ ဒီအတိုင်းပဲဖြစ်နေတယ်။ ဒါဆိုရင်သေချာပြီး hardware ပိုင်းဆိုတာ
သေချာပြီးဆိုပြီးသေချာစစ်ကြည့်လိုက်မှ DVD Drive က မဖတ်နိုင်တော့ဘူးဖြစ်နေတယ်လေ။
သွားရောပေါ့ Drive အသစ်ဝယ်ဖို့ကလည်း လောလောဆည်ပိုက်ပိုက်ကမရှိနဲ့ ဘယ်လိုလုပ်မလဲလို့
စဉ်းစားနေတယ်။ နောက်ဆုံးနည်းလမ်းတစ်ခုကို သွားဖတ်မိတယ် အသုံးပြုရမှာလဲ လွယ်ကူတဲ့အတွက်
post အနေနဲ့တင်ပြီး ပြန်ရှယ်ပေးလိုက်ပါတယ်။ အဲ့ဒါကတော့ Windows 7 ကို Memory Stick ကနေ
တင်မယ့်နည်းလမ်းပါပဲ။ တခြားနည်းလမ်းတွေလဲ အများကြီးရှိပါတယ်။ အခုနည်းလမ်းကတော့ လွယ်ပါတယ်။
လောလောဆယ်ကိုယ့်စက်မှာတော့ လုပ်လို့မရဘူးဆိုတော့ သူငယ်ချင်းအိမ်ကိုသွားရော။
သူငယ်ချင်းဆိုတာကတော့ တခြားလူမဟုတ်ပါဘူး ညီတစ်ယောက်လို့လဲ ပြောလို့ရတဲ့
ဒီ blog ပိုင်ရှင်စိုင်းဇော်ခါးဆီပါ။ ဟုတ်ပြီး စာတော့နည်းနည်းရှည်သွားပြီး ဘာတွေလိုအပ်မလဲဆိုတော့

(၁) Memory Stick လိုမှာပေါ့။ အနည်းဆုံး 4 GB ပေါ့။ သူထက်များရင်တော့ ပိုကောင်းတာပေါ့။
(၂) Windows 7 ISO ဖိုင်လိုပါမယ်။ သူကမပါလို့မှ မဖြစ်တာ။
(၃) Windows 7 USB DVD Tool

ဟုတ်ပြီးအခု Memory Stick 4 GB ရှိနေပြီးဆိုတော့၊ ဒုတိယလိုအပ်ချက်ကို ပြင်ဆင်ကြမယ်
Windows 7 ISO ဖိုင်ဆိုတော့ လူတိုင်းမှာတော့မရှိကြဘူးလေ။ ကျွန်တော့်မှာလဲ မရှိဘူး။
ဒါကြောင့် Windows 7 ISO File ကိုလုပ်ကြရမှာပေါ့။ လိုအပ်မှာက Windows 7 DVD အခွေနဲ့
ISO Maker Software လိုပါမယ်။ ISO File လုပ်တဲ့ Software ကတော့ အမျိုးမျိုးရှိကြပါတယ်။
အခုတော့ အရင်ပို့မှာလဲ တင်ထားတဲ့ Magic ISO Maker 5.5 Build 0281 Final ကိုအသုံးပြုပါမယ်။
ပထမဆုံး ဆော့ဝဲလ်မရှိရင် ဒီမှာ ယူလိုက်ပါ။ ပြီးရင် Install ပေါ့။ အဲ့ဒီနောက် Software ကို
ဖွင့်လိုက်လျှင် အောက်ပါအတိုင်းပေါ်ပါမယ်။


အဲ့ဒီမှာ Register ဆိုတာကို နှိပ်လိုက်ပါ။


အပေါ်ကလို ပေါ်လာပါမယ်။ User Name နဲ့ Serial Code နေရာမှာ notepad မှာရေးထားတဲ့
User name နဲ့ Serial Code ကို ထည့်ပေးလိုက်ပါ။ Full Version အနေနဲ့သုံးလို့ရပါပြီး။
ပြီးနောက် Windows 7 ကို Image ပြုလုပ်မှာဖြစ်တဲ့အတွက် ကိုယ်ပြုလုပ်မယ့် Windows 7 အခွေကို
စက်ထဲထည့်လိုက်ပါ။ ပြီးရင် Tool ကနေ Make ISO from CD/DVD ROM ကိုရွေးပေးလိုက်ပါ။
အောက်ပါအတိုင်း ပေါ်လာပါမယ်။


ပြီးရင် Out File ဆိုတဲ့အကွက်မှာ ကြိုက်နှစ်သက်ရာနာမည်ကိုထည့်လိုက်ပါ။ ကျွန်တော်ကတော့
Windows 7 Ultimate ISO File လို့ထည့်လိုက်ပါတယ်။ Output Format နေရာမှာတော့
Standard ISO image file (.ISO) ကိုရွေးပေးလိုက်ပါ။ Image File သိမ်းမယ့်နေရာကိုတော့ စောစောက
Out File ဆိုတဲ့ ကိုယ်နာမည်ပေးထားတဲ့ ဘေးနားက Folder ပုံလေးကို နှိပ်ပြီးရွေးပေးလိုက်ပါ။
ကျွန်တော်ကတော့ Desktop ကိုပဲ ရွေးပေးလိုက်ပါတယ်။ ပြီးရင် OK ကိုနှိပ်လိုက်ပါ။
ခဏတော့ စောင့်ရလိုက်မယ်။ ပြီးရင် ကိုယ်လိုချင်တဲ့ Windows 7 ကို ISO လုပ်ထားတဲ့ File လေးကို
ရလာပါမယ်။ Size ကတော့ 2.35 GB ဖြစ်ပါတယ်။ ဒီဖိုင်ကိုတော့ နောက်ခဏခဏမလုပ်ရအောင်
သိမ်းထားလိုက်တာ ပိုကောင်းပါတယ်။ ISO ဖိုင်ရပြီးဆိုတော့ နံပါတ် (၃) အဆင့်သွားပါမယ်။

Windows 7 USB DVD Tool ကိုအသုံးပြုပါမယ်။ မရှိရင် ဒီမှာ ယူလိုက်ပါ။ File Size က 946 KB ပဲရှိပါတယ်။
Download ဆွဲပြီးသွားရင် Install လုပ်ပြီး ၎င်းကို ဖွင့်လိုက်ပါ။ အဲ့ဒီနောက် အောက်ကအတိုင်း
ISO File ကိုရွေးခိုင်းပါလိမ့်မယ်။ Browse ကနေပြီးရွေးပေးပြီးတော့ Next ကိုနှိပ်လိုက်ပါ။


ဒီတစ်ခါ အောက်ပါပုံအတိုင်း Media Type အမျိုးအစားကို ရွေးခိုင်းပါလမ့်မယ်။ USB Device, DVD
စသဖြင့်ပါ။ ကျွန်တော်တို့က USB နဲ့လုပ်မှာဖြစ်တဲ့အတွက် USB Device ကိုရွေးပေးလိုက်ပါ။


ဒီတစ်ခါ အောက်ကပုံလို USB Device တောင်းနေပါပြီး။ ကိုယ်အသုံးပြုမယ့် Memory Stick ကိုတပ်ပြီး
Begin copying ဆိုတာကို နှိပ်ပေးလိုက်ပါ။ သူဟာသူစတင်လုပ်ဆောင်နေပြီးဖြစ်ပါတယ်။

အားလုံးပြီးသွားလို့ 100 % ပြည့်သွားရင် အောက်ကပုံအတိုင်း ပေါ်လာပါမယ်။
Bootable USB Device created successfully ဆိုပြီးတော့ပါ။ ပြီးရင်အဲ့ဒါကို ပိတ်လိုက်ပါ။


အဲ့ဒီနောက် My Computer ကိုဖွင့်လိုက်ပါ။ မိမိရဲ့ Memory Stick ကို အောက်ပါအတိုင်းတွေ့ရပါမယ်။


အခုဆိုရင် အဆင့်အားလုံးပြီးသွားပြီးဖြစ်လို့ ဒီ USB Drive လေးကနေ Boot တက်ပြီးတော့ Windows 7 ကို
အလွယ်တကူတင်လို့ရပြီးဖြစ်ပါတယ်။ ဒါဆိုရင် ဘယ်စက်မှာမဆို ဒီ Memory Stick လေးတပ်ပြီး
Windows 7 ကို ဘာ Drive တွေမှမလိုတော့ပဲ တင်လို့ရပြီးဖြစ်ပါတယ်။

Windows XP တစ်ချို့နဲ့ Windows 7 ရဲ့ Shortcut တွေပေါ်မှာ မြားတွေပေါ်နေတာကို တွေ့ကြပါလိမ့်မယ်။
တစ်ချို့ကြာတော့လည်း အလှအဖြစ်ကြိုက်ကြပါတယ်။ တစ်ချို့ကြတော့လည်းမျက်စိနှောက်တယ်တယ်ဆိုပြီး
မကြိုက်ကြပါဘူး။ ဘယ်လိုဖျောက်ကြမလဲဆိုတော့ တစ်ချို့ကြတော့လည်း software သုံးပြီး ဖျောက်ကြပါတယ်။အခုတော့ Registry Editor ထဲမှာဝင်ပြင်ပြီး ဖျောက်မှာဖြစ်ပါတယ်။

ဘယ်လိုဖျောက်မလဲ

ထုံးစံအတိုင်း Start > Run > Regedit သို့အဆင့်ဆင့်သွားပါ။
ပြီးရင် HKEY_CLASSES_ROOT သူရဲ့အောက်မှာ lnkfile ကိုရှာပါ။ 
တွေ့ရင် Click လုပ်ပြီးညာဘက်မြင်ကွင်းကိုကြည့်ပါ။ အဲမှာ IsShortcut ဆိုတဲ့အမည်ကိုရှာပါ။
တွေ့ရင် Right Click နှိပ်ပါ။ Modify (dialog box) ပေါ်လာပါမယ်။
၎င်းမှာ Delete ကိုရွေးချယ်ကလစ်လုပ်လိုက်ပါ။ ပြီးရင် စက်ကို Restart လုပ်လိုက်ပါ။
Windows ပြန်တက်လာရင် Desktop Shortcut မှာပေါ်နေတဲ့မြားတွေပျောက်သွားပါလိမ့်မယ်။

ဘယ်လိုပြန်ဖော်မလဲ

ထုံးစံအတိုင်း Start > Run > Regedit သို့အဆင့်ဆင့်သွားပါ။
ပြီးရင် HKEY_CLASSES_ROOT သူရဲ့အောက်မှာ lnkfile ကိုရှာပါ။
တွေ့ရင် ညာဘက်မြင်ကွင်းကိုကြည့်ပါ။ လွတ်နေတဲ့တစ်နေရာမှာ Right Click နှိပ် New လို့ပေါ်လာရင်
String Value ကိုရွေးချယ်ပါ။ New Value #1 အသစ်တစ်ခုပေါ်လာပါမယ်။
ထို့နောက် Right Click > Rename ကိုရွေးပြီး IsShortcut လို့အမည်ပေးလိုက်ပါ။
ပြီးရင် IsShortcut ကို Right Click > Modify ကိုဖွင့်ပါ။ Edit String (box) ပေါ်လာပါမယ်။
အဲ့ဒီမှာ Value data : ကို 0x00000000 (0) လို့ရိုက်ထည့်ပါ။ ပြီးသွားရင် OK လုပ်ပြီး
Registry Editor ကပြန်ထွက်ပါ။ စက်ကို Restart ပြန်လုပ်ပါ။ ဖိုင်အစားပြန်သွင်းတဲ့သဘောဖြစ်ပါတယ်။
စက်ပြန်တက်လာရင် Desktop Shortcut ပေါ်မှာ မြားတွေပြန်ပေါ်နေတာကို တွေ့ရပါမယ်။

ဒီနည်းလမ်းအတိုင်း Windows XP နဲ့ Windows 7 နှစ်ခုစလုံးမှာစမ်းကြည့်တာ အဆင်ပြေပါတယ်။

မှတ်ချက်   -    Registry မှာဝင်ပြင်တာဖြစ်လို့ အမှားခံလို့မရတာတော့ သတိထားစေချင်ပါတယ်။

Folder Options ကို ပြန်ဖော်ကြမယ်

Folder Options ဘာကြောင့်ပျောက်သွားလဲဆိုတော့ Virus ကြောင့်ဖြစ်နိုင်သလို System ဖိုင်တွေ
ပျောက်ဆုံးသွားခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။

ဘယ်လိုပြန်ဖော်ကြမလဲ

(၁)  Start Menu >>  Run Box >> gpedit.msc >> ok သို့အဆင့်အဆင့်သွားပါ။

(၂) အဲ့ဒီနောက် ပေါ်လာတဲ့ Local Group Policy Editor မှ
User Configuration >> Administrative  templates >>  Windows Compoment >>
Windows Explorer သို့ အဆင့်ဆင့်သွားပါ။

(၃) Windows Explorer သို့ရောက်တဲ့အခါမှာ '' Remove  the  folder  option  menu  item  from
the  tools  menu '' ကို Double Click နှိပ်ပြီး Enable လုပ်ပါ။

(၄) အဲ့ဒီနောက် System ကို Restart လုပ်ပါ။

စက်ပြန်တက်လာရင် ပျောက်သွားတဲ့ Folder Options ကို ပြန်လည်မြင်တွေ့ရမှာဖြစ်ပါတယ်။

Write Protected Error ဆိုတာ


ကျွန်တော်တို့ Flash Drive နဲ့ ကွန်ပျူတာထဲက File တစ်ချို့ကို ကူးတဲ့အခါမှာ

" The  disk  is  write - protected.  Remove  the  write  protection  or  use  another  disk. "

ဆိုပြီး Error ပြနေပါတယ်။  USB Drive တွေ အသုံးပြုတဲ့အခါမှ တွေ့ကြုံရတဲ့ ပြဿနာတစ်ခုလို့ ဆိုရမယ်။

ဘယ်လိုဖြေရှင်းမလဲ

ပထမဆုံး Flash Drive ကို အရင်ဆုံးဖြုတ်လိုက်ပါ။
ပြီးရင် Start Menu >> Run box >> regedit လို့ရိုက်ထည့်လိုက်ပါ။
အဲ့ဒီနောက် 
HKEY_LOCAL_MACHINE \ SYSTEM \ CurrentControlSet \ Control \ StorageDevicePolicies
ဆိုပြီး အဆင့်ဆင့်သွားလိုက်ပါ။ အဲ့ဒီမှာ တစ်ခုတော့ သတိထားရလိမ့်မယ်။ အဆင့်ဆင့်သွားလို့
StorageDevicePolicies ဆိုတဲ့ SubKey မရှိရင် Key အသစ်ထပ်ထည့်ပေးရလိမ့်မယ်။
လွတ်နေတဲ့နေရာမှာပဲဖြစ်ဖြစ်၊ Control နေရာမှာပဲဖြစ်ဖြစ် Right Click > New > Key ကို
ရွေးလိုက်ပါ။ အဲ့ဒီမှာ New Key #1 ဆိုတဲ့ Folder တစ်ခုပေါ်လာပါမယ်။
အဲ့ဒီနောက် Right Click > Rename ကိုနှိပ်ပြီး StorageDevicePolicies ဆိုပြီးတော့နာမည်ပေးလိုက်ပါ။
ပြီးရင် StorageDevicePolicies  ကလစ်နှိပ်ပါ။ Right pane window ရဲ့ လွတ်နေတဲ့အကွက်မှာ
Right Click > New > DWORD Value ကို အဆင့်ဆင့်သွားပါ။ အဲ့ဒီမှာ ပေါ်လာမယ့်
New Key # 1 ဆိုတဲ့ အမည်ကို WriteProtect ဆိုပြီးတော့ နာမည်ပြောင်းပေးလိုက်ပါ။
ပြီးရင် WriteProtect ကို Right Click > Modify ကိုနှိပ်လိုက်ပါ။
အဲ့ဒီနောက် ပေါ်လာတဲ့ Edit String (box) မှ Value data တန်ဖိုးကို 0 သို့ပြောင်းပေးလိုက်ပါ။
အဲ့ဒီနောက် Registry Editor မှထွက်ပြီး ကွန်ပျူတာကို restart လုပ်လိုက်ပါ။