ဗိုင်းရပ်စ်ကူးစက်မှုအများစုဟာ အီးမေးလ် message တွေကတစ်ဆင့် အခြားဖိုင်တွေကိုကူးပြီး အဲဒီကနေ
ကွန်ပျူတာထဲကို ပြန့်နှံ့ကုန်တတ်ပါတယ်။ ဒီအချိန်မှာ အောက်ပါလက္ခဏာတွေကို တွေ့ရလိမ့်မယ်။

- ဗိုင်းရပ်စ်အဖြစ်စီစဉ်ထားတဲ့ဖိုင်ဟာ သူ့အလိုလိုပြန်ပြီးတော့ ကူးစက်အောင်လုပ်တယ်။ ဒီလိုနဲ့ဖိုင်တွေ ဟာ့ဒ်ဒစ်ထဲ ပြည့်လာအောင် တစ်ဖိုင်ပြီးတစ်ဖိုင်လိုက်ပွားတယ်
- ဗိုင်းရပ်စ်ကူးထားတဲ့ဖိုင်ဟာ အီးမေးလ် address list တွေထဲမှာရှိတဲ့ address တွေမှန်သမျှကို အဲဒီဖိုင်ကို လျှောက်ပို့တယ်
- ကွန်ပျူတာဗိုင်းရပ်စ်က ဟာ့ဒ်ဒစ်ကို format ပြန်ချပစ်တယ်။ ဒါကြောင့် ဖိုင်တွေ၊ ပရိုဂရမ်တွေ delete
လုပ်ပြီးသား ဖြစ်ကုန်တယ်
- ခိုးကူးတင်ထားတဲ့ ဆော့ဖ်ဝဲတွေထဲကနေ ဖုံးကွယ်ထားတဲ့ ဗိုင်းရပ်စ်တွေကနေ သူ့အလိုလိုထပြီး
install လုပ်လို့ ဗိုင်းရပ်စ်တွေ ပြန့်ကုန်တယ်
- ဗိုင်းရပ်စ်ဆိုတာ security ကိုအရင်ဆုံးလုပ်ဆောင်နိုင်စွမ်းမရှိအောင် လုပ်ရတယ်။ ဒါမှ အဝေးကနေ
လှမ်းပြီး ကွန်ပျူတာ (သို့) network ကတစ်ဆင့်လှမ်းထိန်းနိုင်လိမ့်မယ်
- ထူးဆန်းတဲ့ attachment တွေနဲ့အီးမေးလ် message တွေလက်ခံရရှိလိမ့်မယ်။ အဲဒီ attachment တွေကို
ဖွင့်ကြည့်လိုက်တာနဲ့ dialog box တွေပေါ်လာမယ်၊ system performace ကို ချက်ချင်း
ပြဿနာရှာလိမ့်မယ်
- တစ်ယောက်ယောက်က ကိုယ့်ဆီကနေ ကိုယ်မပို့တဲ့ဖိုင်တွေကို လက်ခံရရှိကြောင်း အကြောင်းကြားလာရင်
ပြဿနာစပြီ။ အဲဒီဖိုင်တွေကလည်း များသောအားဖြင့် .exe, .bat, .scr, .vbs extension တွေနဲ့
ဖြစ်နေတတ်တာများတယ်

Source >>>>> Myanmar Computer Magazine No. 40, August 2010

0 comments:

Post a Comment