ကိုယ့်ကွန်ပျူတာ ဗိုင်းရပ်စ်ဝင်နေတယ်လို့ သံသယရှိရင် ဗိုင်းရပ်စ်အကာအကွယ်ပေးတဲ့ ဆော့ဖ်စဲတစ်ခုခုရဲ့
အကူအညီကို ရယူရပါလိမ့်မယ်။ ကွန်ပျူတာမှာ ဗိုင်းရပ်စ်ဝင်နေပြီးဆိုတာ ဘယ်လိုအချက်တွေနဲ့ သိနိုင်မလဲ

- ကွန်ပျူတာ ပုံမှန် run နေတာထက် နှေးသွားမယ်
- တစ်ခုခုလုပ်ဆောင်နေရာက ချက်ချင်းရပ်သွားမယ်၊ မကြာမကြာ lock ဖြစ်သွားမယ်
- ကွန်ပျူတာ ပိတ်သွားမယ်၊ မကြာခဏ restart ပြန်လုပ်နေမယ်
- သူ့အလိုလို restart လုပ်သွားပြီး ပြန်တက်လာရင်လည်း ပုံမှန်အတိုင်း တက်မလာတော့ဘူး
- ကွန်ပျူတာမှာ တင်ထားတဲ့ application တွေ ပုံမှန်ဖွင့်ပြီး အလုပ် လုပ်လို့မရဘူး
- ဟာ့ဒ်ဒစ်တွေ၊ disk drive တွေကို မသိတော့ဘူး
- Print ကိုလည်း ပုံမှန်လုပ်ဆောင်နေရာက ထုတ်လို့မရတော့ဘူး
- ပုံမှန်မဟုတ်တဲ့ error message တွေ ခဏခဏတက်လာတယ်
- Menu တွေကိုလည်း ပုံမှန်မတွေ့ရ၊ dialog box တွေလည်း မပေါ်လာ
- ဖိုင် extension တွေကလည်း နှစ်ထပ်ဖြစ်လိုဖြစ်၊ ဥပမာ .jpg, .vbs, .gif, .exe ဖိုင်တွေမှာ extension တွေက
ပုံမှန်မဟုတ်ဘူး
- ဘာကြောင့်မှန်မသိ တင်ထားတဲ့ antivirus က disable ဖြစ်ပြီး အဲဒီပရိုဂရမ်ကို run လို့တောင်မရတော့ဘူး
- ကွန်ပျူတာမှာ antivirus ပရိုဂရမ်ကို install လုပ်လို့မရဘူး၊ ဖွင့်လို့လည်းမရဘူး
- ကိုယ်မဖန်တီးထားတဲ့ icon တွေ desktop ပေါ်ကိုရောက်လာတယ်။ အဲဒီ icon တွေကို အသုံးပြုနေတဲ့
ပရိုဂရမ်တွေနဲ့လည်း သက်ဆိုင်ခြင်းမရှိဘူး
- စပီကာကနေ မကြာမကြာထူးဆန်းတဲ့ အသံတွေထွက်လာတတ်တယ်
- ပရိုဂရမ်တစ်ခုကို ကိုယ်ကရှင်းလိုက်တာလည်း မဟုတ်ဘဲသူ့အလိုလို ပျောက်သွားတယ်

မှတ်ချက် ။ ။ အထက်မှာ ဖော်ပြတဲ့လက္ခဏာတွေက သာမန်အချက်တွေလောက်ပဲရှိသေးတယ်၊ အဲ့ဒါတွေက ဟာ့ဒ်ဝဲ သို့မဟုတ် ဆော့ဖ်ဝဲပြဿနာတွေကြောင့်လည်း ဖြစ်နိုင်တယ်။
အဆင့်အတန်းရှိတဲ့ ဗိုင်းရပ်စ်ကာကွယ်တားဆီးရေးဆော့ဖ်ဝဲတွေ တင်မထားဘူးဆိုရင့်တော့
ဗိုင်းရပ်စ်ကူးလို့ ကူးမှန်းတောင် သိမှာမဟုတ်ပါဘူး။

Source - - - Myanmar Computer Magazine No.40, Angust 2010

0 comments:

Post a Comment