Question ;
ကျွန်တော့်ကွန်ပျူတာက Celeron 2.1 GHz, Menory 512 MB, Hard Disk က Seagate 80 GB ဖြစ်ပါတယ်။
Windows XP ကိုအသုံးပြုပါတယ်။ အရင်လိုမမြန်ဘဲ နှေးနေပါတယ်။ ဗိုင်းရပ်စ်ကြောင့်လား။
ကွန်ပျူတာမှာ ဗိုင်းရပ်စ် ၀င်၊ မ၀င် ဆုံးဖြတ်နိုင်တဲ့နည်းလမ်းတွေကို သိချင်ပါတယ်။
ကိုထွေး၊ တာမွေ၊ မေလ ၂၀၁၀
Answer ;
ဗိုင်းရပ်စ်ရေးသားသူတွေက ကွန်ပျူတာ hardware အကြောင်းကို ကျွန်တော်တို့ထက် ပိုပြီးသိပါတယ်။
Windows အကြောင်းကို ကြေကြေညက်ညက် နားထည်ထားပြီးဖြစ်ပါတယ်။ ဗိုင်းရပ်စ်က ကွန်ပျူတာကို
ပုန်းကွယ်ပြီး တိုက်ခိုက်ရပါတယ်။ Virus File တွေက ကွန်ပျူတာအတွင်းမှာ hide လုပ်ပြီးနေပါတယ်။
ဒီအတွက် folder options ကိုဦးစွာသိထားဖို့လိုပါတယ်။ ဒုတိယတစ်ခုက Task Manager အကြောင်း
သိထားဖို့လိုပါတယ်။ မိမိကွန်ပျူတာအတွင်းဘယ်လို program တွေက ဘယ်လောက်အသုံးပြုနိုင်သလဲ
ကြည့်နိုင်ပါတယ်။ တတိယ command-line interface ကိုသိထားဖို့လိုအပ်ပါတယ်။ ဗိုင်းရပ်စ်တွေ hide
လုပ်ပြီးနေတာကို command-line interface မှာကြည့်နိုင်ပါတယ်။ ဗိုင်းရပ်စ်ရဲအစွမ်းမြင့်တက်လာရင်
command-line interface ကိုပိတ်လိုက်ပါတယ်။ နောက်ဆုံးအဆင့် registry ကိုသိထားဖို့လိုအပ်ပါတယ်။
Registry က Windows XP ရဲ့အသည်းနှလုံးဖြစ်ပါတယ်။ Windows XP ရဲ့အသုံးပြုမှုအားလုံးကို registry
ကမှတ်တမ်းတင်ထားပါတယ်။ ဒီအတွက်ဗိုင်းရပ်စ်က registry ကိုပိတ်လိုက်ပါတယ်။ အလွယ်ကူဆုံးပြောရရင်
Windows ရဲ့အခြေခံတွေကို သိထားဖို့လိုအပ်ပါတယ်။ အရေးကြီးတဲ့အချက်လေးခုကို အောက်မှာအသေးစိတ်
ရှင်းပြထားပါတယ်။

Folder Options
Start, Control Panel ကိုဝင်ရောက်လိုက်ရင် Folder Options ကိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဒီ Folder Options မှာ double click ခေါက်လိုက်ရင် Folder Options box တက်လာမှာဖြစ်ပါတယ်။
View Tab မှာ click ခေါက်ရပါတယ်။ Show hidden files and folders ကိုရွေးချယ်လိုက်ရင် hide
လုပ်နေတဲ့ file တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ တစ်ခါတစ်ရံ မိမိရဲ့အရေးကြီးတဲ့ files တချို့ကို hide
လုပ်ထားပြီး Do not show hidden files and folders ကိုရွေးချယ်လိုက်ရင် သာမန်ကွန်ပျူတာအသုံးပြုသူတို့
မြင်တွေ့ရမှာ မဟုတ်တော့ပါ။ Extension တွေကို မြင်ချင်ရင် Hide extension for known file type မှာ
selection လုပ်ထားတာကို ဖြုတ်ပေးရပါတယ်။ ဒီအခါသက်ဆိုင်ရာ Files တွေအလိုက် extension တွေကို
မြင်တွေ့ရမှာဖြစ်ပါတယ်။ Word အတွက် extension က .doc ဖြစ်ပါတယ်။ Word 2007 ဆိုရင် .docx
ဖြစ်ပါတယ်။ Excel အတွက် .xls ဖြစ်ပါတယ်။ Hide protected operating system files (Recommended)
ကိုရွေးချယ်ထားတဲ့ Check box က selection ကိုဖြုတ်လိုက်ရင် Windows OS ကအသုံးပြုထားတဲ့၊
အရေးကြီးတဲ့ system files တွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ Drive C: ရဲ့ အောက်မှာ Windows system
files တွေဖြစ်တဲ့ ntldr, ntdetect.com, boot.ini တို့ရှိပါတယ်။ ဒီ Files တွေ ပျက်စီးရင်လည်း Windows XP
ပျက်စီးမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီ Files တွေမပျက်အောင်၊ မှားယွင်းပြီးမဖျက်မိအောင် ကာကွယ်နိုင်ဖို့
Hide protected operating system (Recommended files) ကို select လုပ်ထားဖို့လိုအပ်ပါတယ်။
အကြောင်းမဲ့ Folder Options ပျောက်သွားရင် ဗိုင်းရပ်စ်ကြောင့် ဟုတ်၊ မဟုတ် ထည့်သွင်းစဉ်းစားဖို့
လိုအပ်ပါတယ်။

Task Manager
Task Manager ကိုဝင်ရောက်ဖို့ နည်းလမ်းနှစ်သွယ်ရှိပါတယ်။ တစ်ခုက Taskbar အပေါ်မှာ Right Click
ခေါက်ပြီး Task Manager ကိုရွေးချယ်ကာ ၀င်ရောက်နိုင်ပါတယ်။ Ctrl+Alt+Del Keys တို့ကို
တွဲနှိပ်ကာလည်း ၀င်ရောက်နိုင်ပါတယ်။ Task Manager ရောက်လာရင် မိမိပြဿနာကြုံနေတဲ့
Application တွေကို end process လုပ်နိုင်ပါတယ်။ Processes Tab မှာ click ခေါက်ပြီး Program တွေ
အသုံးပြုမှုကို စစ်ဆေးနိုင်ပါတယ်။ Taskbar အပေါ်မှာ Task Manager ကိုမမြင်ရရင်၊ Task Manager ကို
ဝင်လို့မရရင် ဗိုင်းရပ်စ် ဟုတ်၊ မဟုတ် ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။

Command Prompt
ဗိုင်းရပ်စ်ရဲ့ အစွမ်းမြင့်တက်လာတာနဲ့အမျှ ဗိုင်းရပ်စ်က ဖျက်ဆီးမှုတွေ ပိုမိုလုပ်ဆောင်လာနိုင်ပါတယ်။
သူ့ကို ဖျက်ဆီးလို့မရအောင် ကာကွယ်မှုတွေကို ပိုင်ပိုင်နိုင်နိုင်လုပ်ထားပါတယ်။ Funny Virus ကစတင်ပြီး
Command-line interface ကိုပိတ်လိုက်ပါတယ်။ Start, Run မှာ click ခေါက်ပြီး cmd လို့ရိုက်ထည့်ကာ
command promt ကိုဝင်ရောက်နိုင်ပါတယ်။ Run command အတွက် Window Key + R ကိုတွဲပြီး
နှိပ်နိုင်ပါတယ်။ Command prompt ကိုရောက်လာပြီး သူ့အလိုလို ချက်ခြင်းပြန်ပိတ်သွားရင်တော့
ဗိုင်းရပ်စ်ဆိုတာ သေချာနေပါပြီ။

Registry
ရှေးက config.sys, autoexec.bat တို့နဲ့ DOS ကိုထိန်းကျောင်းပါတယ်။ ယနေ့တော့ Windows System ကို
registry နဲ့ထိန်းချုပ်ပါတယ်။ ကွန်ပျူတာရဲ့လှုပ်ရှားမှု၊ ပြောင်းလဲမှုအားလုံးကို registry မှာ မှတ်သားပါတယ်။
Desktop မှာ နောက်ခံမြင်ကွင်းပြောင်းလဲလိုက်ရင် registy မှာ save လုပ်လိုက်ပြီးဖြစ်ပါတယ်။ Program
အသစ်တွေထည့်သွင်းရင် registry မှာမှတ်သားထားပါတယ်။ ကွန်ပျူတာရဲ့ကြီးမားတဲ့ data base တစ်ခု
ဖြစ်ပါတယ်။ Start, run မှာ Click ခေါက်ပြီး registry လို့ရိုက်ထည့်ကာ registry ကိုဝင်ရောက်နိုင်ပါတယ်။
သို့သော် ဗိုင်းရပ်စ်က Task manager ကိုပိတ်ပါတယ်။ Folder Options ကိုပိတ်ပါတယ်။
Command-line interface ကိုပိတ်ပါတယ်။ ဒီလိုပိတ်ပင်မှုတွေကို registry အတွင်းမှာ လုပ်ဆောင်ရတာ
ဖြစ်ပါတယ်။ နောက်ဆုံးအဆင့် registry ကိုပိတ်လိုက်ရင် ဒီ Windows XP ဟာဗိုင်းရပ်စ်တို့ရဲ့
ထိန်းချုပ်မှုကိုခံလိုက်ရပြီး ဖြစ်ပါတယ်။

File Size
ဗိုင်းရပ်စ်ဆိုတာ File တစ်ခုသာဖြစ်ပါတယ်။ Extension က .exe, .com တို့ကို အသုံးများပါတယ်။
Msconfig.pif, *.vbs လို Windows ကိုအမှီပြုပြီး Run နိုင်တဲ့ ဗိုင်းရပ်စ် Files တွေလည်း ရှိတတ်ပါတယ်။
Memory stick အတွင်းမှာ၊ Drive C: အတွင်းမှာ size တူညီတဲ့ Files တွေကို တွေ့ရပြီးဆိုရင်
Virus လေလား စစ်ဆေးဖို့လိုအပ်ပါတယ်။

ကိုထွေးရဲ့ပြဿနာ ဘယ်လိုဖြေရှင်းလိုက်ပါသလဲ
ကိုထွေးတစ်ယောက် ဒီလိုစစ်ဆေးမှုအမျိုးမျိုးလုပ်ပြီးတဲ့အခါ ဗိုင်းရပ်စ်မဟုတ်ကြောင်း သိရှိခဲ့ပါတယ်။
နှေးနေတဲ့ပြဿနာရှိနေသေးတဲ့အတွက် ဒီကွန်ပျူတာလေးကို ကိုယ်တိုင်စစ်ဆေးခွင့်ရခဲ့ပါတယ်။
ဗိုင်းရပ်စ်ဝင်ရောက်ပြီးရင် ဗိုင်းရပ်စ် program ကို Run နေပြီဖြစ်တဲ့အတွက် ကွန်ပျူတာအသုံးပြုရတာ
ပုံမှန်ထက်နှေးတတ်ပါတယ်။ Desktop မြင်ကွင်းတချို့လည်း ပြောင်းလဲသွားတတ်ပါတယ်။
ဒီလိုအသုံးပြုနေကျအတိုင်းမဟုတ်ဘဲ ပြောင်းလဲမှုတွေကို မြင်တွေ့ရပြီဆိုရင် ဗိုင်းရပ်စ်ကြောင့်များလားလို့
သတိပြုကာစစ်ဆေးဖို့ လိုအပ်ပါတယ်။ သူ့ကွန်ပျူတာကို အသုံးပြုကြည့်တဲ့အခါ Windows အထဲကို
ရောက်လာဖို့ အချိန်များစွာ စောင့်ဆိုင်းနေရပါတယ်။ Windows အထဲကိုရောက်လာတာနဲ့ ပြဿနာရဲ့
အဖြေကို ချက်ချင်းသိခဲ့ရပါတယ်။ မူလက Mcafee AntiVirus 8.5 နဲ့ကာကွယ်ထားပါတယ်။
ဒီအခြေအနေမှာ ဗိုင်းရပ်စ်တို့ရဲ့ရန်ကို ကြောက်တဲ့အတွက် Kaspersky Internet Security ကိုထပ်မံ
install လုပ်ခဲ့ပါတယ်။ ဒီလိုမျိုး AntiVirus နှစ်မျိုးအသုံးပြုထားရင် Dual-core ကွန်ပျူတာပင်ဖြစ်စေဦး
အလွန်အမင်းနှေးသွားနိုင်တာကို သတိပြုဖို့လိုအပ်ပါတယ်။ Kaspersky Internet Security ကို
Uninstall လုပ်ပြီး နောက်မှာတော့ ကွန်ပျူတာဟာ ပုံမှန်အမြန်နှုန်းကို ရရှိခဲ့ပါတယ်။
ဒီလောက်ဆိုရင် ဗိုင်းရပ်စ် ၀င်၊ မ၀င် ဆုံးဖြတ်နိုင်တဲ့ နည်းလမ်းတွေကို သိလောက်ပြီးလို့ထင်ပါတယ်။

မှတ်ချက် ။ ။ မသိသေးသောသူများကို သိစေရုံမျှသက်သက်သာဖြစ်ပါသည်။

Source >>>>>>>> ဦးအေးကိုကို > B.E (Electronics), FEB Computer Centre
No. 40, August 2010, Myanmar Computer Magazine


0 comments:

Post a Comment