Scareware ဆိုတာ

Scareware ဆိုတာ malware အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ ၎င်းဟာ သားကောင်ဖြစ်လာမယ့်သူတွေကို
အန္တရာယ်ရှိတဲ့ သို့မဟုတ် အသုံးမ၀င်တဲ့ ဆော့ဖ်ဝဲတွေကို ၀ယ်ယူလာစေရန်နဲ့ download ပြုလုပ်လာစေရန်
အတွက် လှည့်ဖျားဖို့စီမံပြုလုပ်ထားပါတယ်။

Windows system message တွေလိုပဲ Scareware ဟာ pop-up တွေကို အလိုအလျောက်ပြုလုပ်ပါတယ်။
ဒီလိုပုံစံတူဟာ Antivirus (သို့) antispyware ဆော့ဖ်ဝဲ၊ firewall application သို့မဟုတ် registery
cleaner တို့လိုမျိုးတွေမှာရှိပါတယ်။ ဖော်ပြထားတဲ့ message သတင်းပေးပို့ချက်မှာတော့ ဖိုင်တွေ
virus တွေကပ်နေတယ် ဒီလိုပြဿနာတွေကိုဖြေရှင်းဖို့အတွက် ဒီဆော့ဖ်ဝဲကိုဝယ်ပါလို့ ပြောဆိုပါတယ်။
အမှန်တကယ်တော့ ဘယ်လိုပြဿနာမှရှိနေတာမဟုတ်ပါဘူး။ Malware ပါတဲ့ဆော့ဖ်ဝဲကို ၀ယ်ယူစေဖို့
အတွက် လှည့်ဖျားထားသာဖြစ်ပါတယ်။ အကယ်၍ သုံးစွဲသူကကြောက်လန့်ပြီး ဒီလိုမျိုးပြောတဲ့ ဆော့ဖ်ဝဲကို
ဝယ်ယူခဲ့မယ်ဆိုရင်တော့ ငွေကုန်တာသာအဖတ်တင်မှာဖြစ်ပါတယ်။ ဒါ့အပြင်လည်း Windows box
ပေါ်လာပြီး တိုက်ခိုက်သူတွေရဲ့ဝက်ဘ်ဆိုက် သို့မဟုတ် malware တွေ download လုပ်ဖို့အတွက်
အကြောင်းအရာတစ်ခုကို ပြောဆိုပါလိမ့်မယ်။ အကယ်၍သုံးစွဲသူက Cancel သို့မဟုတ် x ကို Windows
ပိတ်ပစ်ဖို့အတွက် click ခေါက်ခဲ့လျှင် clickjacking တိုက်ခိုက်ခံရပြီးသားဖြစ်သွားပါလိမ့်မယ်။

၂၀၀၈ ခုနှစ် အောက်တိုဘာလတုန်းကတော့ Microsoft နဲ့ဝါရှင်တန်က ဒေသအာဏာပိုင်ဖြစ်သူတို့က
တက္ကဆက်ပြည်နယ်အခြေပြု၊ Brach Software နဲ့ Alpha Red ကုမ္ပဏီနှစ်ခုက scareware ပရိုဂရမ်
တစ်ခုဖြစ်တဲ့ Registry cleaner XP ဆိုတာကိုပြုလုပ်ခဲ့တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ၎င်းတို့ဟာ
ဈေးကွက်ချဲ့ထွင်ဖို့အတွက် DriveCleaner, WinAntivirus, ErrorSafe, WinFixer နဲ့ XP Antivirus
တို့ကို Scareware ပရိုဂရမ်တွေကို ထုတ်ခဲ့ကြာတာဖြစ်ပါတယ်။

အကယ်၍သံသယဖြစ်ဖွယ် pop-up တွေတက်လာခဲ့ရင်တော့ taskbar မှာ rightclick ခေါက်ပြီး
Close ကိုပိတ်လိုက်နိုင်ပါတယ်။ သို့မဟုတ် Ctrl-Alt-Delete တို့ကိုခေါ်ပြီး exit ကနေပိတ်လိုက်ပါ။

Source - မြင့်ဇော်၊ Myanmar Internet Journal ၊ August (26) ၊ ၂၀၁၀ ပြည့်နှစ်

0 comments:

Post a Comment