Showing posts with label စကားစုများ. Show all posts
Showing posts with label စကားစုများ. Show all posts

အခက်ဆုံးလူ

မရှိတာထက်

မသိတာခက်၏

မသိတာထက်

မသိချင်တာကခက်၏

မသိချင်တာထက်

သိချင်ယောင်ဆောင်သူက

ပို၍ခက်ပါသည်

စကားစုများ (၂၃)


ကိုယ်ဖြစ်ချင်တာတွေသာ

ရှေ့တန်းတင်ရင်

ကိုယ့်အတွက်

အဆင်ပြေသလို

ထင်ရပေမယ့်

အများနဲ့တော့

အဆင်ပြေဖို့

မလွယ်ပါဘူး။

စကားစုများ (၂၂)

“ အရေးအကြီးဆုံး

ဆိုတာတွေဟာ

ဘာမျှ မဟုတ်ပါလား ” လို့

နားလည်ပြီးတော့

“ ဘာမျှမဟုတ်တဲ့သဘော” ကို

သိဖို့က

အရေးကြီးဆုံးပါပဲ။

စကားစုများ (၂၁)


ကိုယ့်စကားကို

သူ နားထောင်စေချင်ရင်

သူ့ စကားကို

အရင် သေသေချာချာ

နာထောင်ပေးလိုက်ပါဦး။ 

စကားစုများ (၂၀)

အဟုတ်ပါလားလို့

ထင်ထားသမျှတွေဟာ

လွဲနေတတ်သလို

မဟုတ်ဘူးလို့

မြင်သမျှတွေကလည်း

မှန်နေတတ်ပြန်တယ်။

အရာရာကို

အောင်မြင်နိုင်ဖို့

မိမိရဲ့

အရာရောက်မှုကို

မြှင့်တင်ပေးရမယ်။