Windows 7 ကို start လုပ်သည်ဖြစ်စေ၊ shutdown လုပ်သည်ဖြစ်စေ welcome screen ကို
တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေကို မကြိုက်ဘူးဆိုရင် ဘာလုပ်မလဲ။ ပြောင်းလဲမှာပေါ့။ WinBubble ဆိုတဲ့
Software ကိုသုံးမယ်။ သူက Windows 7 ရဲ့ welcome screen ကိုပြောင်းလဲနိုင်ပါတယ်။
WinBubble Software ကို ဒီမှာ ဒေါင်းလိုက်ပါ။

(၁) WinBubble program ကို download လုပ်ပါ။ install လုပ်ပါ။ ပြီးတော့ run ပါ။
(၂) Windows 7 tab ကို click နှိပ်ပါ။
(၃) ပြောင်းလဲနိုင်တဲ့ logon Background တွေထဲမှာ scroll လုပ်ပြီးရှာပါ။ Windows ထဲမှာ ရှိပြီးသားပုံတွေကိုပဲ
တွေ့ရမှာဖြစ်ပါတယ်။ ကြိုက်တာတစ်ခုတွေ့ပြီးဆိုရင် click နှိပ်ပါ။ ဒါမှမဟုတ် စက်ထဲမှာရှိတဲ့ ဘယ် .jpg ပုံကို
မဆို အသုံးပြုနိုင်ပါတယ်။
(၄) Set ကို click နှိပ်ပြီး image ကို lock လုပ်ပါ။ View ကိုနှိပ်ပြီး preview လုပ်ကြည့်နိုင်ပါတယ်။ ကိုယ်လိုချင်
တဲ့အတိုင်း ဟုတ် မဟုတ်၊ ကြိုက် မကြိုက်ကိုကြည့်ပါ။ မကြိုက်ရင် restore ကိုနှိပ်ပြီး မူလရှိတဲ့ background
အတိုင်း ပြန်ထားနိုင်ပါတယ်။

အခုအချိန်မှာတော့ Windows ကို shutdown လုပ်ခြင်း၊ start လုပ်ခြင်းတွေနဲ့ပြောင်းလဲမှုတွေကို
ကြည့်နိုင်ပါတယ်။ Background အသစ်ကိုတွေ့ရမှာဖြစ်ပြီး welcome screen ဟာ စက္ကန့်ပိုင်းခဏလောက်
လေးပေါ်တာဆိုပေမယ့် Microsoft ကပေးထားတဲ့ ပုံအစား၊ ကိုယ်ကြိုက်တဲ့ပုံလေးပေါ်လာတာကတော့
သဘောကျစရာပါပဲ။

WinBubble ဟာ အထက်ဖော်ပြပါအပြင် များပြားလှတဲ့ utility tweaking တွေကိုလည်း စွမ်းဆောင်
နိုင်ပါတယ်။ Tab ပေါင်းများစွာပါဝင်ပြီး အသုံးဝင်လှတဲ့ tool ဖြစ်လို့ စမ်းသုံးကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ဒါပေမဲ့ မသေချာတဲ့ utility တွေဆိုရင်တော့ သတိနဲ့သုံးသင့်ပါတယ်။

Source -၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ၊ Myanmar PCWORLD

0 comments:

Post a Comment