ကွန်ပျူတာမှာ ပြဿနာရှိရင် Safe Mode ကိုဝင်ပြီး ဖြေရှင်းရတာတွေရှိပါတယ်။ အဲဒီအတွက် ကွန်ပျူတာကို
restart လုပ်ပြီး ၀င်းဒိုးစ်မတက်ခင် F8 key ကိုနှိပ်ရပါတယ်။ အခုနည်းလမ်းက ကွန်ပျူတာကို restart
လုပ်တာနဲ့ Safe Mode ကို အလိုအလျောက် ရောက်သွားခြင်းဖြစ်ပါတယ်။

Windows boot မှ Safe Mode သို့ဝင်ခြင်း

Search သို့မဟုတ် Run (box) မှာ msconfig လို့ရိုက်ထည့်ပါ။ Enter ကီးကိုနှိပ်ပါ။
System Configuration (box) ပေါ်လာပါမယ်။ Boot (tab) သို့ပြောင်းပြီး Safe boot အကွက်ကို အမှတ်ခြစ်
ရွေးချယ်လိုက်ပါ။ Minimal ဆိုတဲ့ ခလုတ်ကိုလည်းရွေးချယ်ပါ။ Apply, OK ကိုနှိပ်ပါ။
ပြီးရင် Restart လုပ်မှာလား Exit without restart လားဆိုတာ မေးပါလိမ့်မယ်။ ကြိုက်တာကို
ရွေးချယ်နိုင်ပါတယ်။ အခု restart လုပ်ကြည့်ပါ။ F8 key နှိပ်မစရာမလိုဘဲ Safe Mode သို့
အဆင့်ဆင့်ကူးပြောင်း ရောက်သွားပါလိမ့်မယ်။

Windows boot Safe Mode ကို ပိတ်ခြင်း

Safe Mode မှာ သင်ပြင်စရာ၊ လုပ်စရာရှိတာ လုပ်ကိုင်ပြီးတဲ့အခါ အရေးကြီးတဲ့အချက်သည်
Boot Safe Mode (option) ကိုပြန်ပိတ်ဖို့လိုပါတယ်။ ဒါမှ နောက်တစ်ခါ ကွန်ပျူတာပြန်ဖွင့်ရင် ပုံမှန်အတိုင်း
ဝင်းဒိုးစ်တက်ပါလိမ့်မယ်။ စောစောကလို Search သို့မဟုတ် Run (box) မှာ msconfig လို့ရိုက်ထည့်ပါ။
Enter ကီးကိုနှိပ်ပါ။ System Configuration မှာ Boot (tab) သို့ပြောင်းပြီး Safe boot ဆိုတဲ့အကွက်ကို
အမှန်ခြစ်ရွေးချယ်ထားခြင်းကနေ (uncheck) ပြန်ဖြုတ်ပါ။ ဒီနည်းက သင့်ကွန်ပျူတာမှာ Safe Mode သို့
ဝင်ဖို့ရာ အခက်အခဲရှိနေတယ်ဆိုရင် သုံးနိုင်ပါတယ်။ ဒါမှမဟုတ် သင့်ကွန်ပျူတာကို သင်မရှိတဲ့အချိန်မှာ
တစ်ဦးဦးက ဖွင့်သုံးမှာကိုစိုးရိမ်ရင် Safe Mode နဲ့ပဲဖန်တီးထားခဲ့နိုင်ပါတယ်။

Source - မြန်မာကွန်ပျူတာဂျာနယ်၊ ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ။

0 comments:

Post a Comment