Microsoft မှ Security Update ထောက်ပံ့ခြင်းမပြုတော့သည့် Windows XP Service Pack 2 (SP2) တွင် Security Update များထည့်သွင်းစေခြင်းဖြင့် တိုက်ခိုက်ခံမှုများဖြစ်ပွားလျက်ရှိကြောင်း ဖင်လန်နိုင်ငံအခြေစိုက် လုံခြုံရေးကုမ္ပဏီဖြစ်သည့် F-Secure မှ လုံခြုံရေးအကြံပေးဖြစ်သူ Sean Sullivan ကပြောကြားလိုက်သည်။

အဆိုပါတိုက်ခိုက်မှုသည် Windows registry ရှိ Key တစ်ခုကိုပြင်ဆင်ကာတိုက်ခိုက်ခြင်းဖြစ်ပြီး HKEY_LOCAL_MACHINE\System\CurrentControlSet\Control\Windows ရှိ DWORD Value ဖြစ်သည့် CSDVersion ကို 200 မှ 300 သို့ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း Sullivan ကဆိုသည်။

Microsoft ၏အဆိုအရ CSDVersion သည် PC ပေါ်တွင်အသုံးပြုထားသည့် Service Pack ၏အမည်ကိုဖော်ပြ ခြင်းဖြစ်ပြီး ယင်းကဲ့သို့ Registry Key ပြောင်းလဲလိုက်ခြင်းကြောင့် XP SP2 ကို SP3 အသွင်ဖြင့်ပြောင်းလဲစေ ကာ Microsoft ၏၀က်ဘ်ဆိုက်တွင် တိုက်ရိုက် download ပြုလုပ်ရမည့်အစား Windows Update Patching Service မှတဆင့် download ပြုလုပ်ခြင်းဖြစ်ပြီး ယင်းအားနည်းချက်မှတဆင့် PC များထံသို့တိုက်ခိုက်မှုများပြု လုပ်ခဲ့သည်ကိုလည်းတွေ့ရှိခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။

အထက်ပါအတိုင်း Registry ကို hack ကာတိုက်ခိုက်ခြင်းသည် System ကို ပိုမိုလျင်မြန်စွာထိန်းချုပ်နိုင်စေတာ ကြောင့် လက်ရှိ Windows XP SP2 အသုံးပြုသူများအနေဖြင့် Windows XP Service Pack (SP3) သို့ အဆင့်မြင့်တင်ကာ အသုံးပြုသင့်ကြောင်း Sullivan ကဖြည့်စွက်ပြောကြားခဲ့သည်။

Source - နောင်နောင် ( Myanmar Internet Journal )

0 comments:

Post a Comment