Windows 7 မှာ User များရဲ့ လတ်တလောရှာဖွေမှုများကို အလိုအလျောက်သိမ်းဆည်းပေးနိုင်တဲ့ Features ပါဝင်ပါတယ်။ ဒါပေမဲ့ ကွန်ပျူတာကို လူအများနဲ့အတူ သုံးစွဲနေရတဲ့ User များနဲ့ မိမိရှာဖွေထားသမျှကို မသိစေလိုတဲ့ User များကတော့ Search box ထဲမှာ စာလုံးအနည်းငယ်ရိုက်ထည့်ရုံနဲ့ များမကြာမီက ရှာဖွေ ထားတဲ့အချက်များကိုဖော်ပြပေးတာကြောင့် ဒီ Feature ကို ကြိုက်နှစ်သက်ခြင်းမရှိပါဘူး။

အောက်ဖော်ပြပါနည်းလမ်းကတော့ လတ်တလောရှာဖွေထားသမျှကို အခြားလူများမသိရှိစေရန်အတွက် ယင်း Feature ကို Disable ပြုလုပ်ထားနိုင်စေမယ့်နည်းလမ်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းကို Group Policy Editor အသုံးမပြုနိုင်တဲ့ Windows 7 Home Edition များမှာတော့ ပြုလုပ်နိုင်ခြင်းမရှိပါဘူး။

(၁) Start Menu ရဲ့ Search box တွင် gpedit.msc ဟုရိုက်ထည့်ပြီး Enter ကိုနှိပ်ပါ။ Local Group Policy Editor ပေါ်လာပါမယ်။

(၂) ထို့နောက် User Configuration \ Administrative Templates \ Windows Components \ Windows Explorer သို့အဆင့်ဆင့်သွားပါ။

(၃) ညာဘက်ခြမ်းတွင်ပေါ်လာသည့် Turn off display of recent search entries in the Windows Explorer search box ကို click နှစ်ချက်နှိပ်ပါ။

(၄) ထို့နောက် Enabled ကို ရွေးပြီး Apply ကိုနှိပ်ပါ။ ယင်းနောက် OK ကိုနှိပ်ပြီး Group Policy Editor မှထွက် ပါ။

(၅) အထက်ပါအဆင့်အတိုင်း ပြုလုပ်ပြီးသွားရင်တော့ Windows 7 ရဲ့ Search box မှာရှာဖွေထားတဲ့ Search history များကို Disable ပြုလုပ်မှုပြီးဆုံးပြီဖြစ်ပါတယ်။

Source - နောင်နောင် ( Myanmar Internet Journal )

0 comments:

Post a Comment