Yahoo Instant Messenger မှတဆင့် worm တစ်မျိုးပျံ့နှံ့လျက်ရှိပြီး အဆိုပါ worm သည် သူငယ်ချင်း
တစ်ယောက်ထံမှပေးပို့သည့်ဓာတ်ပုံလင့်အသွင်ဖြင့်ဝင်ရောက်ခြင်းဖြစ်ပြီး အဆိုပါလင့်ခ်ကိုနှိပ်လိုက်ပါက
Windows system ၏ backdoor မှတဆင့် malware များဝင်ရောက်ကာ အခြား IM contact များထံသို့
ပျံ့နှံ့သွားခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ worm သည် photo ဒါမှမဟုတ် photos ဟူသောစကားလုံးနှင့် smiley icon ပါဝင်သည့်
လင့်ခ်ဖြင့်မက်ဆေ့ခ်ျမှတဆင့်ဝင်ရောက်ခြင်းဖြစ်ပြီး အဆိုပါလင့်ဖ်သည် facebook, MySpace ဒါမှမဟုတ်
အခြားဝက်ဘ်ဆိုက်ရှိဓာတ်ပုံများကို ရည်ညွှန်းထားခြင်းဖြစ်သည်။
အဆိုပါ worm ကို Windows system ပေါ်တွင် download ပြုလုပ်မိသည့်အခါ malware များဝင်ရောက်ပြီး
အန္တရာယ်ရှိသည့်မက်ဆေ့ခ်ျများအား IM contact အားလုံးထံဖြန့်ဝေလိုက်မည်ဖြစ်သည်။ သို့သော်
Macintosh system ပေါ်မှာတော့မည်သည့်လုပ်ဆောင်ချက်မျှ ဖြစ်ပေါ်ခြင်းမရှိချေ။
Symantec မှ ပြောကြားချက်အရ အဆိုပါ malware သည် W32.Yimfoca ဖြစ်ပြီး Windows 98,
Windows 95, Windows XP, Windows Me, Windows Vista, Windows NT, Windows Server 2003
နှင့် Windows 2000 တို့တွင် ဖြစ်ပွားနိုင်ကြောင်းသိရသည်။

မေလ (၂၀) ရက်၊ ၂၀၁၀ ပြည့်နှစ်၊ Internet Journal မှ ပြန်လည်ဖော်ပြသည်။

0 comments:

Post a Comment