USB 3.0 FAQ


နောက်ဆုံးတော့ USB 3.0 ရောက်လာခဲ့ပါပြီ။ အိုင်တီနဲ့နည်းပညာပစ္စည်းတွေမှာ မဖြစ်မနေတပ်ဆင်ရတဲ့
အဆင့်ကို ရောက်လာတယ်။ 3 ဆိုတာ 2 နောက်မှာထွက်တယ်။ နောက်ဆုံးတော့ 3 ကပဲလွှမ်းမိုးနိုင်ရင်
2 ထက်ကောင်းတာကြောင့် သတ်မှတ်ရပါလိမ့်မယ်။ ဒါကြောင့် USB 3.0 ပတ်သက်ပြီး
သိလိုသမျှ မေး၊ ဖြေပေးလိုက်ပါတယ်။

USB 3.0 နဲ့ USB 2.0 ဘာတွေများကွာသလဲ

USB 3.0 မှာ USB 2.0 တုန်းကမပါတဲ့ Feature တွေ အများကြီးထည့်ထားတယ်။ အရေးအပါဆုံး
ထူးခြားချက်က '' SuperSpeed " bus ဆိုတာဖြစ်တယ်။ ကြိုးလေးနှစ်ချောင်းပိုလိုက်တာနဲ့ transfer
လုပ်နိုင်စွမ်းက ပိုမြန်သွားပြီး၊ နှစ်ဆလောက်စွမ်းဆောင်နိုင်ရည် ပိုကောင်းသွားတယ်လို့ ပြောနိုင်ပါတယ်။
ဒါကေတာ့ USB 3.0 ရဲ့ အကောင်းဆုံး form factor လို့ပြောရမယ်။ USB 3.0 က 2.0 ထက်
power-management ပိုင်းမှာလည်း အားသာချက်တွေများတယ်။ သူနဲ့တွဲသုံးတဲ့ ပစ္စည်းတွေကို ပါဝါပိုပြီး
ပေးနိုင်စွမ်းရှိလာတာ တွေ့ရတယ်။ USB 3.0 မှာ အားနည်းချက်အနေနဲ့ တစ်ခုပဲပြောစရာရှိတယ်။
High speed transmission လုပ်ရာမှာ ၁၀ ပေလောက်အတွင်းပဲလုပ်နိုင်တယ်။ USB 2.0 မှာတုန်းက
၁၅ ပေလောက်အကွာအဝေးမှာရတယ်။

USB 3.0 ကို အစောပိုင်း USB standard တွေနဲ့တွဲသုံးလို့ အဆင်ပြေနိုင်သလား

သုံးနိုင်ပါတယ်။ USB 2.0 ကို USB 3.0 ထဲထည့်ပြီးတော့လည်း သုံးနိုင်ပါတယ်။ standard ဖြစ်တဲ့
A USB 3.0 ကို USB 2.0 A port ထဲထိုးနိုင်ပါတယ်။ ဒါပေမယ့် speed ကတော့ USB 2.0 အတိုင်းပဲ
ရလိမ့်မယ်။ USB 2.0 ထက်နိမ့်တာတွေကိုတော့ အချို့သော USB 3.0 port တွေမှာ
တပ်သုံးလို့ အဆင်ပြေနိုင်မှာ မဟုတ်ဘူး။

USB 3.0 မြန်တယ်ဆိုတာ ဘယ်လောက်မြန်တာလဲ

သဘောတရားအရကတော့ 4.8 Gbps သို့မဟုတ် 600 megabytes per second လောက်ကို
မြန်တယ်လို့ပြောတယ်။ USB 2.0 transfer rate ထက် ၁၀ ဆလောက်ပိုမြန်တယ်လို့ပြောနိုင်တယ်။
ဒီနှုန်းဟာ 25 GB HD ဗီဒီယိုကားတစ်ကားကို transfer လုပ်ရင် စက္ကန့် ၄၀ လောက်ပဲကြာမယ်။
သဘောတရားဆိုတာက ပြောကြားတဲ့အတိုင်းသာရှိတတ်တာကို သဘောပေါက်မှာပါ။ တကယ်တမ်း
လက်တွေ့မှာ ပိုစွမ်းဆောင်နိုင်တယ်လို့ ပြောကြတယ်။ လက်တွေ့မှာ USB 3.0 ရဲ့ အမှန်တကယ်
လုပ်ဆောင်နိုင်စွမ်းက 300-400 megabytes per second လောက်ပဲရတယ်။ ဒါကြောင့် လက်တွေ့မှာ
25 GB HD ရုပ်ရှင်ကို transfer လုပ်ကြည့်တော့ 60-80 second လောက်ကြာနေတာ တွေ့ရတယ်။
USB 3.0 နဲ့တွဲသုံးနိုင်တဲ့ ပစ္စည်းတွေဟာ ခုမှဈေးကွက်ထဲကို လှမ်းလာခါစလို့ဆိုရမယ်။ 300 MB/s
လောက်ဆိုတာ အမှန်တကယ်ပြောရရင် အားရလောက်စရာကောင်းတဲ့နှုန်းလို့ ပြောလို့မရသေးဘူး။
အမြန်ဆုံး SSD ကတ်နဲ့တွဲပြီး transfer လုပ်ရင်တောင် 200 MB/s လောက်ပဲရသေးတယ်။
မကြာမီ ပိုမြန်တာတွေဖြစ်လာလိမ့်မယ်လို့တော့ ပြောတာပဲ။

Full-duplex data transfer ဆိုတာဘာလဲ

Data တွေကို transfer လုပ်ရာမှာ full-duplex ဆိုတာ ဒေတာတွေကို upload ရော download ပါ
နှစ်မျိုးစလုံးစီးဆင်းစေတာလို့ အဓိပ္ပာယ်သက်ရောက်တယ်။ အ၀င်အထွက် တစ်ပြိုင်နက်တည်း
လုပ်ဆောင်နိုင်စွမ်းကို ပြောတာပါ။ Duplex ကို တစ်ကြိမ်မှာ direction တစ်ဝက်စီပေးပို့ နိုင်တယ်လို့
ပြောတာပါ။ Walkie-talkie တွေအတိုင်းတွေးကြည့်လိုက်ပါ။ တစ်ဖက်လူပြောတာကို ကြားနေရသလို
ကိုယ်ပြောချင်တာလည်းပြောနေနိုင်တယ်လေ။ SuperSpeed bus ကိုသုံးပြီး ဒေတာတွေကို
အပြန်အလှန်ပို့နိုင်တဲ့သဘောပါ။ Full-duplex ဆိုတာ နှစ်ဘက်စလုံးကနေ တစ်ချိန်တည်းမှာ
အပြန်အလှန်ပေးပို့နိုင်တာကြောင့် USB 2.0 နဲ့ လုံးဝကွဲပြားသွားတယ်။

USB 3.0 ရဲ့ Power ပိုင်းက ပိုကောင်းလာတယ်ဆိုတော့ ဘာတွေပိုကောင်းလာတာလဲ

USB 3.0 နဲ့တွဲသုံးရတဲ့ ပစ္စည်းတွေမှာ ပါဝါပိုင်းပိုပြီးတော့ ရလာတယ်ဆိုတာတော့ အမှန်ပဲ။ တွဲသုံးပစ္စည်းကို
ပါဝါပိုရဖို့ low power ဆိုရင် 150 mA အထိရတယ်။ USB 2.0 မှာ 100 mA ပဲရတယ်။ High power mode
မှာ USB 3.0 က 900 mA အထိရတယ်။ USB 2.0 က 500 mA လောက်ပဲရတယ်။ ဒီလိုပါဝါကို
တိုးမြှင့်သုံးနိုင်တယ်ဆိုတာ USB လောကရဲ့ တိုးတက်ပြောင်းလဲမှုတစ်ခုလို့ဆိုနိုင်တယ်။ ဒါကြောင့်လည်း
USB သုံးပစ္စည်းတွေမှာ AC power adapter တွေသုံးဖို့ မလိုတော့တာပေါ့။
နောက်တစ်ချက်က ပစ္စည်းတစ်ခုကိုသုံးနေစဉ် သို့မဟုတ် မသုံးဘဲထားချိန်မှာ ပါဝါကိုထိန်းနိုင်စွမ်း၊
ဒီသဘောတရားက မသုံးရင် ပါဝါကိုလျှော့ချထားနိုင်တာကြောင့် ပိုပြီးခေတ်မီတယ်လို့ ပြောရမယ်။
ဒါကြောင့် ဖွင့်ချိန်လေးတစ်ချိန်မှာ ပါဝါကိုဆွဲလိုက်ပြီးတောက်လျှောက်သုံးနေချိန်မှာ ပါဝါကို
ထိန်းနိုင်တာကြောင့် laptop တွေနဲ့အတော်လေးအဆင်ပြေနိုင်ပါတယ်။

USB 3.0 နဲ့တွဲသုံးနိုင်တဲ့ ဘယ်လိုပစ္စည်းတွေထွက်နေပြီးလဲ

CES 2010 ပွဲတုန်းက USB 3.0 နဲ့တွဲသုံးနိုင်တဲ့ ပစ္စည်း ၁၇ မျိုးလောက် ပွဲထုတ်ထားတာတွေ့လိုက်ရတယ်။
ဟာ့ဒ်ဒစ်၊ မားသားဘုတ်၊ laptop နဲ့ controller card တွေပါတယ်။ မကြာမီ ပိုများလာစရာအကြောင်းရှိတယ်။

USB 3.0 ပစ္စည်းတွေနဲ့တွဲသုံးဖို့ ဘယ်လိုပစ္စည်းမျိုးတွေလိုအပ်မလဲ

USB 3.0 ပစ္စည်းတွေနဲ့တွဲသုံးဖို့ USB 3.0 controller ဆိုတာလိုလိမ့်မယ်။ Motherboard မှာ USB 3.0
ကို built in အနေနဲ့ပါမလာရင် USB 3.0 controller card တစ်ကတ်တော့ ၀ယ်ထည့်ရလိမ့်မယ်။
PCI-e-slot မှာ စိုက်သုံးလို့ရတယ်။ ဒေါ်လာ ၃၀ လောက်ရှိတယ်လို့ကြားတယ်။ Laptop တွေမှာတော့
USB 3.0 တွေပါနေပါပြီ။ USB 3.0 ပစ္စည်းတွေကို starter kit တွေနဲ့ အတွဲလိုက်ရောင်းတာတွေ
လည်းရှိတယ်။ အဲဒီအထဲမှာ controll card တွေလည်းပါတယ်။

USB 3.0 ကိုသုံးဖို့ ဘယ်လိုဆော့ဖ်ဝဲ (driver) တွေလိုမလဲ

Windows 7 မှာ USB 3.0 အတွက် driver တွေထည့်မထားဘူး။ ဒါကြောင့် ရမယ် မရဘူးပြောလို့
မပြောနိုင်ဘူး။ ဒါကြောင့် USB 3.0 ကို သုံးချင်ရင် third party ဆော့ဖ်ဝဲတစ်ခုခုကိုတော့ သုံးရလိမ့်မယ်။
ဒါကလည်း controller ကတ်တွေနဲ့အတူ တွဲပါလာမှာဖြစ်လို့ စိုးရိမ်စရာမလိုပါဘူး။

No . 37 , May 2010 ကွန်ပျူတာ Magazine မှ ပြန်လည်ဖော်ပြသည်။

0 comments:

Post a Comment