PC များတွင် Windows 7 အသုံးပြုနိုင်ခြင်းရှိ၊ မရှိစစ်ဆေးပေးသည့် ဆော့ဖ်ဝဲတွင် Scammer များမှ
Trojan horse program ထည့်သွင်းကာတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို BitDefender မှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပထမဦးဆုံးရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး
ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားသေးခြင်းမရှိဘဲ အမေရိကန်ရှိ user များတွင် တစ်နာရီလျှင် Trojan horse
သုံးခုခန့်ဝင်ရောက်လျက်ရှိကြောင်းသိရသည်။ Windows 7 ကို စိတ်ဝင်စားသူများပြားသောကြောင့်
လူအမြောက်အများထံသို့ ကူးစက်ပြန့်ပွားနိုင်ကြောင်း BitDefender ၏ Online Threats Lab မှ
ခေါင်းဆောင်ဖြစ်သူ Catalin Cosoi ကဆိုသည်။
အဆိုပါ Trojan ကို BitDefender မှ Trojan.Generic.3783603 ဟုသတ်မှတ်ထားပြီး
facebook, password reset အတုအယောင်ဖြစ်စဉ်တွင်ပါဝင်သည့် Trojan နှင့်တူညီကြောင်းသိရသည်။
အထက်ပါ Trojan ပါဝင်သောဆော့ဖ်ဝဲသည် Windows 7 အသုံးပြုမည့် PC ၌လိုအပ်သည့်
hardware, device များနှင့် program များကို စစ်ဆေးပေးသည့်ဆော့ဖ်ဝဲဖြစ်သည်။

မေ (၂၀) ရက်၊ ၂၀၁၀ ပြည့်နှစ်၊ Internet Journal မှ ပြန်လည်ဖော်ပြသည်။

0 comments:

Post a Comment