အခုအခါမှာ antivirus ဆော့ဖ်ဝဲအတုရောင်းချသူတွေက တစ်ဆင့်တက်ပြီး technical support တွေပေးမယ်လို့
ဖြားယောင်မှုတွေနဲ့ တရားဝင်ပစ္စည်းတစ်ခုသဖွယ် အယုံသွင်းလာနေကြတယ်။ Symantec က သုတေသန
ပညာရှင်တွေရဲ့အဆိုအရ အသုံးပြုသူတွေအနေနဲ့ Live PC Care အနေနဲ့ သိထားတဲ့ antivirus product
အတုကို ထည့်သွင်းလိုက်တာနဲ့ သတင်းအမှားကို pops up လုပ်ပြလာလိမ့်မယ်။ အဲဒီမှာ အ၀ါရောင်နဲ့
online support ဆိုတဲ့ ခလုတ်ကြီးကြီးတစ်ခုပါလာမယ်။ ဒီခလုတ်ကို click လုပ်လိုက်ရင် instant message
ပုံစံနဲ့ မေးခွန်းတွေကို ဖြေကြားရလိမ့်မယ်။ မေးလာမယ့် အေးဂျင့်က တကယ့်လူ ဖြစ်ပါတယ်။
ပရိုဂရမ်ကို တရားဝင်လေလှိုင်းတစ်ခုအဖြစ် အငှားတည်ဆောက် လိုက်တာဖြစ်တယ်လို့
Symantec လုံခြုံရေးမန်နေဂျာ Marc Fossi ကပြောတယ်။ သူတို့ညွှန်းပြတဲ့ နည်းပညာပံ့ပိုးမှုဆိုတာကလည်း
ပြောလောက်စရာ မရှိပေ။ သူတို့ရဲ့ products ကို ဒေါ်လာ 90 နဲ့ ၀ယ်ယူနိုင်ဖို့ အချဉ်ဖမ်းတာပဲဖြစ်တယ်လို့
သိရတယ်။ Live PC Care နဲ့အလားတူ Win Fixer ဆိုတဲ့ညာရောင်းတဲ့ antivirus app အတုလည်းရှိတယ်။
Symantec ရဲ့လေ့လာချက်အရ ၂၀၀၈ ခုနှစ်၊ ဇူလိုင် မှ ၂၀၀၉ ခုနှစ် ဇူလိုင်လအတွင်း အလားတူ
ဖြားယောင်းရောင်းချတဲ့ antivirus အတုကို ၀ယ်ယူအသုံးပြုသူ ၄၃ သန်းလောက်
ထိသွားကြတယ်လို့ သိရပါတယ်။

May 2010 ထုတ် ကွန်ပျူတာဂျာနယ်မှ ပြန်လည်ဖော်ပြသည်။

0 comments:

Post a Comment