RAT ( Remote Access Trojan )

RAT ဆိုသည်မှာ malware ပရိုဂရမ်တစ်မျိုးဖြစ်ပါတယ်။ တိုက်ခိုက်ခံရတဲ့ကွန်ပျူတာရဲ့ စီမံခန့်ခွဲမှုတွေကို
ထိန်းချုပ်ပြီးနောက်ကွယ်ကနေ တိုက်ခိုက်မှုလိုအရာတွေ ၀င်ရောက်လုပ်ဆောင်နိုင်စေရန်အတွက် တံခါး
ဖွင့်ပေးတဲ့ ပရိုဂရမ်ဖြစ်ပြီး ဂိမ်းတွေလို download လုပ်ယူရတဲ့အရာတွေနဲ့ email attachment အရာတွေကနေ
ဝင်ရောက်လာတာဖြစ်ပါတယ်။ RAT တွေဟာခြေကုတ်ယူထားတဲ့ ကွန်ပျူတာမှ အခြားသော အားနည်းချို့ယွင်း
ချက်ရှိတဲ့ ကွန်ပျူတာတွေကိုကူးဆက်ပြီး botnet ဖြစ်ပေါ်လာပါတယ်။
RAT ဖြင့် administrative ပိုင်းဆိုင်ရာလုပ်ငန်းကိစ္စများကို ထိန်းချုပ်ပြီးနောက် ထိန်းချုပ်ထားသူမှ
တိုက်ခိုက်လိုသည့် ကွန်ပျူတာကိုဖော်ပြပါကိစ္စများဖြင့် လုပ်ဆောင်ပါတယ်။
- Keylogger များ သို့မဟုတ် အခြားသော spyware များဖြင့်သုံးစွဲသူကို စောင့်ကြည့်ခြင်း။
- လျှို့ဝှက်အချက်အလက်များကို လက်ခံရယူခြင်း။
- webcam မှ စောင့်ကြည့်ခြင်းနှင့် ဗီဒီယိုမှတ်တမ်းများရယူခြင်း။
- screenshot များ ပြုလုပ်ရယူခြင်း။
- virus များအခြားသော malware များကိုထည့်သွင်းခြင်း။
- ဖိုင်များနှင့်ဖိုင်စနစ်များကို download ပြုလုပ်ခြင်းနှင့် ဖျက်ပစ်ခြင်း။
RAT ရဲ့လူသိထင်ရှားကျော်ကြားသော ဥပမာတစ်ခုကတော့ Back Orifice rootkit ဖြစ်ပါတယ်။
Back Orifice rootkit ဟာ ဟက်ကာအုပ်စုတစ်ခုမှ Microsoft ရဲ့ Windows Operation Systems ကို
လုံခြုံရေးပိုင်းဆိုင်ရာ တိုက်ခိုက်ထိန်းချုပ်ရန်အတွက် ရေးဆွဲးထားတာဖြစ်ပါတယ်။
RAT တွေဟာ စုံစမ်းစစ်ဆေးရန်အတွက် ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အလုပ်လုပ်နေတာကို
ဖော်ပြထားနိုင်ခြင်းမရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ သူတို့ဟာ တရားဝင်ပရိုဂရမ်တွေ လုပ်ဆောင်သလိုပဲ
လုပ်ဆောင်ကြပါတယ်။ ၀င်ရောက်စီးနင်းထားသူဟာသုံးစွဲတဲ့ရင်းမြစ်တွေကို ရယူထားတဲ့အတွက် လုပ်ဆောင်
နိုင်စွမ်းကျဆင်းတတ်ပါတယ်။ ဒီလိုသုံးစွဲနေတာကိုလည်း ကွန်ပျူတာရှိ ပိုင်ဆိုင်သူကမသိရှိနိုင်ပါဘူး။
RAT တွေကို ကာကွယ်ဖို့အတွက်ကတော့ antivirus ဆော့ဖ်ဝဲတွေကို ရယူသုံးစွဲထားခြင်း၊
ယုံကြည်လို့မရတဲ့ ရင်းမြစ်မှ download လုပ်ယူမှုကိုရှောင်ကြဉ်ခြင်း၊ attachement တွေကိုမသိရှိတဲ့
ရင်းမြစ်တွေကနေ ပို့ဆောင်တဲ့အခါ ဖွင့်မကြည့်ခြင်းနှင့် Link များကို သေချာစွာမသိဘဲ click
မခေါက်ခြင်း အစရှိသောနည်းလမ်းများဖြင့် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

မြင့်ဇော်၊ Myanmar Internet Journal ၊ ဇူလိုင် (၂၂) ရက်၊ ၂၀၁၀ ပြည့်နှစ်။

0 comments:

Post a Comment