ယခုလ (၁) ရက်နေ့ခန့်မှစပြီး ယခင်ထက် ပျံ့နှံ့ဖျက်ဆီးမှုပိုမိုဆိုးရွားလာသည့် MGY.exe ဗိုင်းရပ်စ်ကို
MAGWAY FC virus cleaner ဖြင့် အလွယ်တကူဖြေရှင်းနိုင်မည်ဖြစ်ကြောင်း OK virus cleaner အဖွဲ့၏
ပြောကြားချက်အရသိရသည်။
အဆိုပါဗိုင်းရပ်စ်ဝင်ရောက်ပါက Windows ရှိ Start Bar အပေါ်ဘက်တွင် MAGWAY FC
ဆိုသည့် logo တစ်ခုပေါ်မည်ဖြစ်ပြီး ဖိုင် icon များနှင့် ဖိုင်၏အရွယ်အစားများကိုလည်း ပြောင်းလဲပစ်
လိုက်ကြောင်းသိရသည်။
“ ဒီဗိုင်းရပ်စ်ဟာ ဇူလိုင်လ (၁) ရက်ကျော်လောက်မှာ တော်တော်လေးပိုဆိုးလာပါတယ်။ ဒီဗိုင်းရပ်စ်
ဝင်တယ်ဆိုတာနဲ့ start bar အပေါ်မှာ MAGWAY FC ဆိုပြီး logo တစ်ခုပေါ်နေမှာပါ။ နောက်ပြီး
file icon တွေကိုလည်း MAGWAY FC ဆိုပြီး ဘောလုံးပုံစံလေးပြောင်းပစ်လိုက်ပါတယ်။ ဒီဗိုင်းရပ်စ်က
စက်ထဲမှာရှိတဲ့ ဖိုင်တွေကို ဖျောက်ပစ်လိုက်တယ်။ ဖိုင်တွေရှိတဲ့ folder တွေကအလွတ်အတိုင်းပဲ
မြင်ရတော့တယ်။ နော်ဆုံးအဆင့်အနေနဲ့ အဲဒီဗီုင်းရပ်စ်က ဖျောက်ထားတဲ့ဖိုင်တွေကို သူရဲ့ extension နဲ့
ပြန်ဖော်ပေးပါတယ်။ အဲဒီလိုပြန်ဖော်တဲ့နေရာမှာ ဖိုင်ရဲ့အရွယ်အစားအားလုံးကို 50MB အရွယ်အစား
အတိုင်း အကုန်လုံးပြောင်းပြီး ပြန်ဖော်ပေးတာပါ။ ”
“ အဲလို နောက်ဆုံးအခြေအနေဆိုရင် ဖိုင်တွေကို recovery တောင် ပြန်လုပ်ဖို့မရနိုင်တဲ့အခြေအနေလို့
ပြောလို့ရပါတယ်။ အဲဒီဗိုင်းရပ်စ်ဝင်တာကို သိသိခြင်းရှင်းလင်းသင့်ပါတယ်။ အဲလိုမှမဟုတ်ဘဲ ဆက်ပြီး
ကွန်ပျူတာကိုသုံးနေမယ်ဆိုရင် ၂ နာရီ ၃ နာရီအတွင်းပျက်စီအောင်းဖျက်ဆီးပစ်နိုင်ပါတယ်။
အဲ့ဒါကြောင့် ကျွန်တော်တို့ OK virus cleaner ရဲ့ ၀က်ဘ်ဆိုက် http://okviruscleaner.ning.com/
မှာ အဲဒီဗိုင်းရပ်စ်ကို MAGWAY FC virus cleaner အသုံးပြုရှင်းလင်းပုံရေးသားပေးထားပါတယ်။
သာမာန်ကွန်ပျူတာ user တွေအနေနဲ့ ကိုယ်တိုင်အလွယ်တကူ download လုပ်ပြီး ရှင်လင်းနိုင်ပါတယ်။ ”
ဟု OK virus cleaner အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုစိုးမင်းသူမှ အင်တာနက်ဂျာနယ်သို့ပြောသည်။
အဆိုပါ ဗိုင်းရပ်စ်ကိုကာကွယ်နိုင်ရန် USB Disk Security Version 5.3 ကို မိမိတို့၏
ကွန်ပျူတာတွင် ထည့်ထားခြင်းဖြင့် ကာကွယ်နိုင်ကြောင်းသိရသည်။

Myanmar Internet Journal ဇူလိုင် (၂၂) ရက်၊ ၂၀၁၀ ပြည့်နှစ်

0 comments:

Post a Comment