ဗြိတိန်မှ သိပ္ပံပညာရှင်ဖြစ်သူ Dr Mark Gasson မှ မိမိမှာကွန်ပျူတာဗိုင်းရပ်စ် ပထမဦးဆုံးစွဲကပ်ခံရသူ
ဖြစ်ကြောင်း ကြေညာပြောဆိုခဲ့သည်။ Dr Gasson မှာ မိမိ၏လက်အတွင်းကို ကွန်ပျူတာချစ်ပ်ထည့်
သွင်းခဲ့ကြောင်းနှင့် အဲ့ဒီပစ္စည်းကို မိုဘိုင်းဖုန်းအလုပ်လုပ်စေရန်အတွက်လည်းကောင်း အသုံးပြုရန်
ရည်ရွယ်ချက်ဖြင့် ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အဆိုပါချစ်ပ်သည် တိရိစ္ဆာန်များ၏
ID ချစ်ပ်နှင့်ပုံစံဆင်တူသည်။ ကွန်ပျူတာဗိုင်းရပ်စ်မှာ ပြင်ပထိန်းချုပ်မှုစနစ်ကိုဖြတ်ကျော်ပြီး
အဲ့ဒီချစ်ပ်အတွင်းသို့ ၀င်ရောက်သွားခဲ့ကြောင်း၊ ထိုကဲ့သို့ ဗိုင်းရပ်စ်ဝင်ရောက်ခဲ့မှုကြောင့် ယခင်ပြုလုပ်နေကျ
လုပ်ငန်းစဉ်များကိုပြုလုပ်၍မရတော့ကြောင်း Dr Gasson မှပြောဆိုသည်။
သူ၏ပြောဆိုချက်အရ အဲ့ဒီဖြစ်စဉ်မှာအရေးကြီးကြောင်း လူသားများ၏ကျန်းမာရေးအတွက်အသုံးပြုသော
ပစ္စည်းများတွင် ဗိုင်းရပ်စ်ဝင်ရောက်ကူးစက်ခြင်းခံရပါက အခြေအနေများလွန်စွာရှုပ်ထွေးမှုဖြစ်ပွားနိုင်ကြောင်း
သိရသည်။ နည်းပညာ၏ စွန့်စားမှုများသည် ဆေးပညာနယ်ပယ်၌ အလွန်လိုအပ်လျက်ရှိပြီး
အဲ့ဒီပြဿနာကို အဓိကထားဆွေးနွေးရန်လိုအပ်ကြောင်း အွန်လိုင်းမှခန္ဓာကိုယ်တွင်း၌ ထည့်သွင်း
ထားသောဆေးပညာပစ္စည်းများကို တစ်စုံတစ်ယောက်မှ ဆက်သွယ်ရန်အခွင့်အလမ်းရှိလာပါက
အလွန်အရေးကြီးသောပြဿနာဖြစ်လာနိုင်ကြောင်း သူ၏ပြောဆိုချက်များအရ သိရသည်။

Source : Myanmar Internet Journal

0 comments:

Post a Comment