အင်တာနက်မှလိမ်လည်တိုက်ခိုက်သူများသည် ဘီယွန်ဆေး၊ တွမ်ခရုစ်၊ တိုက်ဂါးဝုဒ် စသည့်နာမည်ကျော်ကြား
သူများ ကားတိုက်မှုကြောင့်သေဆုံးခြင်း (သို့) လေယာဉ်ပျက်ကျသေဆုံးခြင်း စသည့်လင့်စ်များပါဝင်သော
အီးမေးလ်များဖြင့်ပေးပို့ကာ တိုက်ခိုက်လျက်ရှိပြီး ယင်းသတင်းကိုဖတ်ရှုမိသူများအနေဖြင့် ၎င်းတို့၏
ကွန်ပျူတာများအတွင်းသို့ ဗိုင်းရပ်စ်များဝင်ရောက်ကူးစက်မှုများဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

အဆိုပါဗိုင်းရပ်စ်ပါဝင်သော အီးမေးလ်တွင် အထက်ဖော်ပြပါနာမည်ကျော်ကြားသူများသည် အခြားခရီးသည်
၃၄ ဦးနှင့်အတူ လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားကြောင်းဖော်ပြထားသည်။ ယင်းအီးမေးလ်တွင်
ပါဝင်သောလင့်စ်ကိုနှိပ်မိသူများအနေဖြင့် ကွန်ပျူတာအတွင်းသို့ Trojan ဗိုင်းရပ်စ်များကို ထည့်သွင်းမိစေပြီး
ယင်းသည် ကွန်ပျူတာကို အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်နိုင်စေမည့် ဗိုင်းရပ်စ်ဖြစ်ကြောင်းသိရသည်။

အင်တာနက်လုံခြုံရေးကုမ္ပဏီဖြစ်သော Symantec ၏အဆိုအရ Trojan.Zbot ကူးစက်မှုသည် သြဂုတ်လတွင်
စတင်ဖြစ်ပွားခြင်းဖြစ်ပြီး လက်ရှိတွင်ကူးစက်ခံရသည့် ကွန်ပျူတာ 80,000 မှ 100,000 နီးပါးရှိကြောင်းသိရသည်။

Source - နောင်နောင် ၊ Myanmar Internet Journal , September 2, 2010

0 comments:

Post a Comment