နည်းနည်းလေးအသိပေးပါရစေ

 
ကြွရောက်လာကြသော ဧည့်သည်တော်များနှင့် blogger ဘော်ဘ်ာအပေါင်းတို့ အားလုံးမင်္ဂလာပါခင်ဗျား။
 
ကျွန်တော် မနက်ဖြန်ကစပြီး ရန်ကုန်မြို့ကြီးမှာ သွားရောက်ဆေးကုသခံရမည်ဖြစ်ပါသောကြောင့်
 
ဘလော့ရေးခြင်းကို ရပ်နားထားပါသည်ခင်ဗျား။ ဘာရောဂါလဲဆိုတာတော့ မပြောတော့ဘူးနော်။
 
လာရောက်အားပေးကြသော မိတ်ဆွေများ၊ သူငယ်ချင်းများ၊ ဘလော့ဂါဘော်ဘော်အပေါင်းတို့ကိုလည်း 
 
ကျေးဇူးအများကြီးတင်ပါတယ်။ အခုဟာကတော့ မဖြစ်မနေသွားရောက်ကုသရမည်ဖြစ်ပါသောကြောင့် 
 
အဲ့ဒီအချိန်အတွင်းမှာ ဘယ်လိုမှဆက်ပြီးရေးနိုင်မှာမဟုတ်ပါဘူး။ 
 
နောက်ပြီး ဒီမှာကျွန်တော်နဲ့အတူပါဝင်ရေးသားနေတဲ့
 
ကျွန်တော့်ရဲ့သူငယ်ချင်း (သို့မဟုတ်) ကျွန်တော်ရဲ့အကိုကြီးလို့လည်းပြောလို့ရတဲ့ ကိုနေမင်းသိန်းကလည်း
 
အခုတလော အလုပ်တအားများနေတဲ့အတွက်ကြောင့် post အသစ်များကိုတင်နိုင်မှာမဟုတ်ပါဘူး။
 
ဒါပေမယ့် သူအားတဲ့အချိန်မှာတော့ ဆက်လက်ပြီး post အသစ်များကို တင်သွားပေးမှာဖြစ်ပါတယ်။
 
ဒါကြောင့်မိုလို့ post တွေအရေးကျဲသွားမှာဖြစ်တဲ့အတွက် နားလည်ပေးကြပါလို့ပြောချင်ပါတယ်။
 
ကျွန်တော်ကတော့အနည်းဆုံး တစ်လလောက် သွားရမှာဖြစ်တဲ့အတွက်ကြောင့် ဘယ်ချိန်ပြန်လာနိုင်မလဲ
 
ဆိုတာတော့မသိပါဘူး။ နေပြန်ကောင်းတဲ့အခါကြရင်တော့ ပြန်လည်ရေးသားသွားမှာပါ။
 
အနည်းဆုံးတော့ တစ်လလောက်ကြာမှာပါ။ ဟုတ်ကဲ့ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။
 
ခင်မင်လေးစားစွာဖြင့် ....
စိုင်းဇော်ခါး

0 comments:

Post a Comment