မိမိရဲ့ကွန်ပျူတာအထဲကို Mgy ဗိုင်းရပ်စ်ဝင်ရောက်နေမယ်၊ ၂၀၁၀ ဇူလိုင်လ ၁ ရက်နေ့ ရောက်ပြီးဆိုရင် ဗိုင်းရပ်စ်ရဲ့အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေကို မြင်တွေ့ရပြီဖြစ်ပါတယ်။ အဲဒီအဆင့်မှာ mgy ဗိုင်းရပ်စ်လို့ မခေါ်ဘဲ Magway FC ဗိုင်းရပ်စ်လို့သာ ခေါ်ဆိုကြပါတယ်။ Windows အထဲကို ရောက်လာတာနဲ့ Start menu နေရာမှာ Magway FC လို့ပြောင်းသွားပါတယ်။ My Computer ရဲ့ Icon နေရာမှာ ဘောလုံးပုံလေး ပြောင်းလဲ သွားပါတယ်။ Start meun, All program ရဲ့အောက်က Folder တွေမှာလည်း ဘောလုံးပုံလေးတွေ ၀င်ရောက် လာပါတယ်။ ဒီအဆင့်မှာ Magway FC ဗိုင်းရပ်စ်အသွင်ပြောင်းလဲသွားပြီး ဖြစ်ပါတယ်။ Taskbar ရဲ့ notification နေရာမှာလည်း Winner of THE SEASON MAGWAY FC လို့ပေါ်လိုက်၊ ပျောက်လိုက် ဖော်ပြနေမှာ ဖြစ်ပါတယ်။
ဒီလိုဖျော်ဖြေမှုအမျိုးမျိုးပုံစံပြုလုပ်နေတဲ့အတွက် ဗိုင်းရပ်စ်လို့မထင်ကြပါဘူး။ ဒီအခြေအနေမှာ Magway FC ဗိုင်းရပ်စ်က ကွန်ပျူတာကို အပြင်းအထန်ဖျက်ဆီးမှု ပြုလုပ်ပါတယ်။ Drive C: အတွင်းက Program တွေ Run လို့မရအောင် Windows XP နဲ့အဆက်အသွယ် ဖြတ်ပါတယ်။ Drive C: အတွင်းက Files တွေရဲ့ List ကို ရယူပြီး အဲဒီ File တွေနေရာမှာ ဗိုင်းရပ်စ် File ကိုအစားထိုးပါတယ်။ Folder တိုင်းရဲ့အောက်မှာ Desktop.ini ဆိုတဲ့ File ကို Copy ကူးယူပါတယ်။ Desktop.ini ကို desktop.exe, desktop.ini.exe.exe စသည်ဖြင့် exe ပေါင်းမြောက်မြားစွာပွားယူပါတယ်။ စက်အတွင်းက မူလ Files တွေကို ဖျက်ပစ်ပြီး ဗိုင်းရပ်စ် File နဲ့အစားထိုးပါတယ်။ မူလ File အတွင်းမှာ ပါဝင်တဲ့ Data တွေကို ဖျက်လိုက်ပြီး File အမည်ကိုတော့ ချန်ထားပါ တယ်။ Data နေရာမှာ ဗိုင်းရပ်စ် File ရဲ့ Data တွေက ၀င်ရောက်လာပါတယ်။ သဘောက Files အမည်မပြောင်း ဘဲ File ရဲ့ Data တွေပြောင်းသွားတာဖြစ်ပါတယ်။ ဒါကြောင့် MGY ဗိုင်းရပ်စ်ဝင်ပြီးရင် Hard Disk တစ်ခုလုံးမှာ ဗိုင်းရပ်စ် Files တွေက အစားဝင်ယူလိုက်ပြီဖြစ်ပါတယ်။
Mgy.exe ရဲ့ File Size က 16 MB ရှိပါတယ်။ Drive D: အတွင်းရှိ Files အားလုံးက 16 MB ရှိတဲ့ Files တွေဖြစ်သွားပါတယ်။ ဒီလောက်ဆိုရင် Magway FC ရဲ့ရက်စက်မှုတွေကို သိလောက်ပါပြီ။
ဗိုင်းရပ်စ် Files တွေကို Copy ပွားနေတဲ့အတွက် ကွန်ပျူတာရဲ့ Speed အလွန်နှေးလာပါတယ်။ ဘယ်လိုမှ အလုပ်လုပ်လို့ မရအောင်နှေးနေတာဖြစ်ပါတယ်။ Dual-core CPU ကိုအသုံးပြုတဲ့ ကွန်ပျူတာဆိုရင် Drive D: အတွင်းက Files တွေနေရာမှာ ဗိုင်းရပ်စ် Files တွေက နာရီဝက်အတွင်း နေရာယူပြီးဖြစ်ပါတယ်။ Hard Disk ရဲ့နေရာလွတ်မကျန်အောင် Files တွေကို တောက်လျှောက်ပွားယူပါတယ်။ Hard Disk ရဲ့ Size ပြည့်ပြီးဆို မှ ရပ်ပါတော့တယ်။ Drive C: အတွင်း နေရာလွတ်မကျန်တဲ့အတွက် Windows ရဲ့ notification နေရာမှာ drive C: low space, drive C: low space လို့ မကြာခဏသတိပေးပါတယ်။ ဒီလောက်ဆိုရင် Magway FC ဗိုင်းရပ်စ်ရဲ့ ဖျက်ဆီးမှုက ဘယ်လောက်အစွန်းရောက်သလဲဆိုတာ သိနိုင်ပါတယ်။
Source >> ဦးအေးကိုကို B.E (Electronics), FEB Computer Centre
0 comments:
Post a Comment